NLD အစိုးရလက်ထက် တရားဥပဒေစိုးမိုးရေး အားနည်းလာတယ်လို့ ကြံ့ခိုင်ရေးပါတီ ပြော

0
346

NLD အစိုးရ လက်ထက်မှာ တရားဥပဒေစိုးမိုးရေး အားနည်းလာတယ်လို့ ကြံ့ခိုင်ရေးပါတီက ရှုမြင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဇန်န၀ါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံဥပဒေအပါအ၀င် အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေကို အစိုးရသစ်က ပြဋ္ဌာန်းခဲ့တာတွေ အပါအ၀င်၊ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သက်ဝင်လှုပ်ရှားမှု လုံးဝမရှိဘဲ အဖွဲ့အစည်းသစ်တွေကို ဖန်တီးအစားထိုးတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့လည်း ဝေဖန်ထောက်ပြထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)