နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးသန့် ပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ

0
290

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ၁၀၈ နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ဦးသန့် နေအိမ်ပြတိုက်ကို သွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဦးသန့်ရဲ့၁၀၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပန်းယါလမ်း အမှတ် ၃၁ မှာရှိတဲ့ ဦးသန့် နေအိမ်ပြတိုက်မှာ ညနေ ၄ နာရီက ကျင်းပခဲ့တာပါ။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့အတူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေလည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြိးရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ ၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မဖြစ်ခင် ၁၉၅၁ ကနေ ၁၉၅၇ အထိ ပန်းဝါလမ်းက နေအိမ်မှာနေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ မြေးဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သက်ဆိုင်ရာမှာ ခွင့်တောင်းပြီး ပြန်လည်မွမ်းမကာ ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)