ကြံ့ခိုင်ရေးပါတီ အမျိုးသားရေးကို ရှေးရှုလုပ်ဆောင်သွားမယ်

0
300

အမျိုးသားရေးကို ရှေးရှုလုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပါတီရဲ့ ဥက္ကဋ္ဌတာဝန်ကို ရယူထားတဲ့ ဦးသန်းဌေးက ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်က ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဇန်န၀ါရီလ (၂၂) ရက်နေ့ မနက်ပိုင်းက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင်တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေအပါဝင် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှု အခြေအနေတွေအပေါ် ပြည်သူတွေ အမှန်အတိုင်း သိမြင်အောင် ကြံ့ခိုင်ရေးပါတီဝင်တွေအနေနဲ့  ပြောဆိုတတ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)