ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း) ဦးသန့်ရဲ့ ၁ဝ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

0
294

လူ့ဘဝကိုရလာတဲ့အချိန်လေးမှာ ကိုယ်ထမ်းဆောင်နိုင်တဲ့တာဝန် ဘယ်လောက်ထမ်းဆောင်သလဲဆိုတဲ့ အထဲမှာ မြန်မာနိုင်ငံက စံနမူနာ ပြုရလောက်အောင် ဂုဏ်ယူထိုက်တဲ့ တကယ့်ကို ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး၊ အမှန်တရားနဲ့ ပတ်သက်ပြီး စွမ်းစွမ်းတမံ စွမ်းဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ ဂုဏ်ပုဒ်တွေ ရှိတဲ့ လူသားတစ်ယောက်ရဲ့မွေးနေ့ပွဲတစ်ခုဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ၁ဝ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။ အဲဒီအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ပန်းဝါလမ်းအမှတ်(၃၁)ရှိ ဦးသန့်ရဲ့နေအိမ်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ မစ္စဆိုဖီယာဘုရှ်ခ်ျက ဦးသန့်နေအိမ်အကြောင်းနဲ့ အနာဂတ်စီမံကိန်းတွေအကြောင်း၊ ဦးသန့်ရဲ့မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက အဘိုးဖြစ်သူ ဦးသန့်ရဲ့ဘဝနဲ့ သူချန်ရစ်ထားခဲ့တဲ့ အမွေအနှစ်တွေအကြောင်း၊ မဟတ္တမဂန္ဒီရဲ့ မြေးဖြစ်သူ ယခင်အနောက် ဘင်္ဂလားပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဂိုပယ်ဂန္ဒီက လူတို့ရဲ့ စိတ်ဝိညာဉ်အမည်နဲ့ လူတို့ရဲ့ပြင်းပြတဲ့ဆန္ဒနဲ့နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုတွေအကြောင်းတွေကို အသီးသီးပြောကြားခဲ့ကြပါတယ်။

အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးတွေ ရန်ကုန်မြို့တော်ဝန်၊ နိုင်ငံခြားသံရုံးတွေမှ သံအမတ်ကြီးတွေ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)