KIA တပ်ရင်း (၂၆)မှ ဒုတိယတိုက်နယ်မှူးအဆင့်ရှိ သူကို ဖမ်းဆီးရမိ

0
302

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဇန်န၀ါရီ ၂၀ ရက် နေ့မနက် ၈ နာရီ က KIA တပ်ရင်း(၂၆)မှ ဒုတိယတိုက်နယ်မှူးအဆင့်ရှိ နော်ခွန်း(ဘ) ဦးလနန်လကို သက်ဆိုင်ရာဖမ်းဆီးလိုက်ပါတယ်။

နယ်မြေခံစစ်ကြောင်းမှ တပ်မတော်သားတွေနဲ့ တာဝန်သိ ပြည်သူတွေက မွန်းလွဲ ၁၂ နာရီ၃၀ခန့်မှာသတင်းအရပူးပေါင်းဖမ်းဆီးခဲ့ရာ မော်တော်ဆိုင်ကယ် တစ်စီးနဲ့အတူ ဖမ်းဆီးရ မိလိုက်တာပါ။

နော်ခွန်းကိုစစ်ဆေးမေးမြန်းရာမှာ KIA လော့ခွန်တိုက်နယ်မှဒုတိယတိုက်နယ်မှူး အဆင့်ရှိသူဖြစ်ပြီး မိုင်းနောင်ကျေးရွာ စုစည်းရပ်ကွက်ရှိခေါင်ဇယ်ရဲ့နေအိမ်မှာ အခြေပြုလှုပ်ရှားနေကြောင်း သိရှိရတဲ့အတွက် သူ့ရဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေရာအိပ်ခန်းအတွင်းမှ Drone တစ်စင်းနဲ့ လက်တော့ပ်ကွန်ပျူတာ တစ်လုံး(မကောင်း)တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)