ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ယာယီ အဆောက်အအုံတွေ လိုအပ်

0
303

ဝိုင်းမော်မြို့နယ်အတွင်းရှိ KBC ယာယီခိုလှုံရေးစခန်း၊ သဂရ၊ သရက်တော၊ သာဂရလီဆူ၊ စိန့်ဂျိုးဇတ်၊ မဒိန် ယာယီခိုလှုံရေးစခန်းတွေကို ဇန်နဝါရီလ တတိယပတ်အတွင်းမှစပြီး စစ်ဘေးရှောင်အိမ်ထောင်စု ၆ဝ ခန့်လူဦးရေ ၂၈ဝ ခန့်ထပ်မံရောက်ရှိလာခဲ့ပါတယ်။

အစိုးရရဲ့ ထိန်းချုပ်နယ်မြေအတွင်းမရှိတဲ့ စစ်ဘေးရှောင် စခန်းတွေမှ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်စခန်းတွေကို ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်ဖို့ အဆောက်အအုံတွေလိုအပ်လျက်ရှိနေတာပါ။ ယာယီခိုလှုံရေး စခန်းကို ၂ဝ၁၂ ခုနှစ်မှာစတင်ဖွင့်ခဲ့တာပါ။

လက်ရှိ ဒီစခန်းမှာ အိမ်ထောင် စု ၄၁ဝ၊ လူဦးရေအားဖြင့် ၂၁၃ဝ ကျော်ရှိနေပါတယ်။ နောက်ထပ် ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူ တွေနေဖို့ အဆောက်အအုံတွေ လိုအပ်နေတယ်လို့ မိုင်းနားကျေးရွာKBC ယာယီခိုလှုံ ရေးစခန်း ဒုတာဝန်ခံ ဦးအောင်လာက ပြောကြားပါတယ်။

အစိုးရထိန်းချုပ်နယ်မြေမဟုတ်တဲ့ဒေသနဲ့ အစိုးရထိန်းချုပ်နယ်မြေအတွင်း ယာယီခိုလှုံရေးစခန်း ၉၄ ခုရှိပြီး စစ်ဘေးရှောင်အိမ်ထောင်စု ၈ဝဝ ကျော်နဲ့ လူဦးရေ ၃၉ဝဝဝ ကျော်ရှိနေပြီး ဇန်နဝါရီလအတွင်း ဇဒုံးဒေသတွေမှာ အိမ်ထောင်စု ၈ဝ ကျော်၊ ဝိုင်းမော် ဒေသ ယာယီခိုလှုံရေးစခန်းငါးခုမှာ အိမ်ထောင်စု ၆ဝ ခန့် မံစီမြို့နယ် ယာယီ ခိုလှုံရေးစခန်းငါးခုမှာ အိမ်ထောင်စု ၁၁၆စု ထပ်မံရောက်ရှိလာတယ်လို့ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ရုံးက ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)