ညောင်လေးပင်မှာ သတင်းသမားတွေအပေါ် ဖိနှိပ်မှု ကင်းစင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

0
273

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က သတင်းမီဒီယာသမားတွေ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

nyaunglyapin

သတင်းမီဒီယာသမားတွေဟာ ပြီးခဲ့တဲရက်ပိုင်းအတွင်း ဇလုပ်ကုန်းကျေးရွာမှာ အိမ်ခြံမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စအပေါ် သတင်းရယူရာမှာ တရားရေးဝန်ထမ်းရဲ့ ခြိမ်းခြောက်ခံရပြီးနောက်မှာ ခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

nyaunglyapin2

ဆန္ဒထုတ်ဖော် ချီတက်ပွဲကို ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ဖြူး မြို့နယ်တွေက သတင်းမီဒီယာသမားတွေနဲ့ ဝန်းရံပြည်သူ အင်အား ၅၀ ကျော်လောက် တက်ရောက်ပြီး ဒီကနေ့ နံနက် ၁၀ နာရီအချိန်မှာ မဟာတိလောကသယမ္ဘူ ဘုရားကြီးကနေစတင်ပြီး ညောင်လေးပင်မြို့တွင်းထိ လှည့်လည်ကာ မြို့နယ်တရားရုံးရှေ့ထိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ထုတ်ဖော်ရာမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေး၊ တရားရုံးအပါအဝင် ဌာနဆိုင်ရာများမှ သတင်းများရယူရာတွင် ဖိနှိပ်ကန့်သတ်မှုများ ဖယ်ရှားပေးရေး၊ သတင်းအချက်အလက်များ ရယူရာတွင် သတင်းများကိုလွတ်လပ်စွာ အချိန်နှင့်တစ်ပြေးညီ ရရှိရေး၊ သတင်းမီဒီယာသမားများ ခြိမ်းခြောက်ခြင်းနှင့်သတင်းရယူခွင့်ကို ပိတ်ပင်တားဆီးသော တရားရေးဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး စတဲ့ စာသားတွေပါဝင်တွေ ဗီနိုင်းဆိုင်းဘုတ်တွေကိုကိုင်ဆောင်ပြီး “မီဒီယာ ဖိနှိပ်မှုရပ်” စာတန်းပါ တီရှပ်တွေလည်း ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)