မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီအား (၂)နှစ် သက်တမ်းတိုး စာချုပ်

0
295

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂျာမနီနိုင်ငံသား ဂက်ဆီဇီကို ၂ နှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုပြီး သက်တမ်း
တိုးလိုက်ပါတယ်။

15672787_805149709623843_9180382436060810274_n

ဒီဇင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့မှာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီစာချုပ် ချုပ်ဆိုပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနဲ့ နည်းပြချုပ် ဂတ်ဆီဇီတို့ တက်ရောက်ခဲ့ကြပါတယ်။ နည်းပြချုပ် ဂတ်ဆီဇီဟာ မြန်မာ ယူ-၂၀ အသင်းကို ဖီဖာ ယူ-၂၀ ကမ္ဘာ့ပြိုင် ပွဲဝင်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး လက်ရွေးစင်အသင်းကြီးကိုလည်း ၂၀၁၆ ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ သူဖြစ်ပါတယ်။

မြန်မာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ခြောက်နှစ်ကြာလက်တွဲခဲ့တဲ့ ဂတ်ဆီဇီဟာ လာမယ့်ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးစွမ်း ဆောင်မှုတွေရအောင် ကြိုးစားသွားဖို့ ကတိပြုထားသူတစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)