တပ်မတော်ရဲ့တရားသောစစ်ကို ကြိုဆိုထောက်ခံပွဲ မိတ္ထီလာမှာ ထပ်မံပြုလုပ်

0
319

မြန်မာ့တပ်မတော်နဲ့ တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲကို မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၂၂ ရက် ဒီကနေ့မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လူပေါင်း ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

_90916866_dc4263df-e682-4877-bdfc-f5e863aa2518

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲတွေအတွင်း နှစ်ဖက်အကျအဆုံးတွေ ရှိနေခဲ့ပါတယ်။ ဒီဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံပြည်သူ တစ်သောင်းခွဲလောက် စစ်ဘေးဒုက္ခသည်အဖြစ် တရုတ်နိုင်ငံမှာ ခိုလှုံနေရပြီး တည်ငြိမ် အေးချမ်းလာတဲ့ မုံးကိုးမြို့ကို ဒေသခံတစ်ချို့ ပြန်လည်ဝင်ရောက် နေထိုင်လာနေကြပါတယ်။

တပ်မတော်ရဲ့တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က လည်း ရန်ကုန်မြို့မှာပြုလုပ်ခဲ့ကြပြီး
လူထောင်နဲ့ချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)