အလဲဗင်းမီဒီယာ စီအီးအိုနဲ့ အယ်ဒီတာချုပ် အာမခံ ထပ်မံပယ်ချခံရ

0
354

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာ စီအီးအိုနဲ့ အယ်ဒီတာချုပ်တို့ရဲ့ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ထပ်မံပယ်ချလိုက်ပါတယ်။

2

ဒီဇင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့ ရုံးချိန်းမှာ ထပ်မံပယ်ချလိုက်တာဖြစ်ပြီး အလဲဗင်းမီဒီယာ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ဆေးအာမခံ လျှောက်ထားမှုက အထောက်အထား မခိုင်လုံတာကြောင့် အခုလိုပယ်ချလိုက်တာဖြစ်ပါတယ်။

အခုအကြိမ်ဟာ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပြီး အရင်တစ်ကြိမ်က အာမခံလျှောက်ထားမှုကို အကျဉ်းထောင်ဆရာဝန်ကို စစ်ဆေးရမှာ ဖြစ်သော်လည်း အကျဉ်းထောင်ဆရာဝန်က အင်းစိန်ထောင်အတွင်း အကျဉ်းသားများ များပြားတဲ့အတွက် တရားရုံးကိုလာရောက် ထွက်ဆိုခြင်းမရှိဘဲ သက်သေဆိုခွင့် ကင်းလွတ်ခွင့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)