လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း သေနတ်နဲ့ပစ်သတ်ခံရမှု နှစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

0
325

လက်ပံတောင်းတောင်စီမံကိန်းမှာ မြေသိမ်းခံရလို့ ဆန္ဒပြခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ နှစ်နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

dawkhinwinn

အခမ်းအနားကို နံနက် ၉ နာရီဝန်းကျင်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ မိုးကြိုးပြင်ရွာထဲက ဒေါ်ခင်ဝင်းရဲ့ နေအိမ်မှာပဲ ပြုလုပ်ခဲ့တာပါ။

အဲဒီ အခမ်းအနားကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကဗျာဆရာတွေ၊ နိုင်ငံရေးပါတီဝင်တချို့နဲ့ ဒေသခံ ပြည်သူ ၅၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ အဲဒီပွဲမှာရှိနေတဲ့ တုံတောကျောင်းရွာက ဒေါ်စန်းနွဲ့က ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာသူတွေဟာ ဒေါ်ခင်ဝင်းကို သတိရတဲ့အနေနဲ့ သူ့ရဲ့အုတ်ဂူကို သွားရောက်ပြီး ဂါရဝပြုဖို့လည်းရှိတယ်လို့ တက်ရောက်လာသူတွေက ပြောကြားခဲ့ပါတယ်။

မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီးစီမံကိန်းမှာ ဦးခေါင်းတည့်တည့်ကို သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)