နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးစတင်ဖို့ မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်တွန်း

0
301

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာအောင် အမြန်ဆုံးစတင်ဖို့ တပ်မတော်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

tnla

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း စစ်မှန်ပြီး တရားမျှတတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်ရှိကြောင်းထုတ်ပြန်ပြီးသားဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံးစတင်ဖို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းခဲ့တာပါ။

အချက်ငါးချက်ပါဝင်တဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးကို တောင်းဆိုရာမှာ စစ်ရေးနဲ့ဖြေရှင်းမရဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှရနိုင်မယ်လို့ ယုံကြည်ကြောင်း ထည့်သွင်းပြောကြားထားပါတယ်။

ဒ့ါအပြင် တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေကို မြေပြင်၊ ဝေဟင်ကနေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာဟာ နိုင်ငံရဲ့ လူမှုစီးပွားရေးကျဆင်းပြီး လူ့အရင်းအမြစ်ဆုံးရှုံးရုံသာမက လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ တိုက်ပွဲတွေဖြစ်လာဖို့ ဦးတည်နေတယ်လို့လည်း ဆိုပါတယ်။

KIA၊ MNDAA၊ TNLA နဲ့ AA အဖွဲ့တို့ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မုံးကိုးမြို့နဲ့ အစိုးရလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)