ရုရှားသံအမတ်ကြီးအတွက် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

0
313

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ဟာ တူရကီနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး လုပ်ကြံခံရမှုအတွက် ဝမ်းနည်းတဲ့အနေနဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ရုရှားသံရုံးကို သွားရောက်ပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။

russia

ဒုတိယဝန်ကြီး ဦးကျော်တင်ဟာ နံနက် ၁၀ နာရီခွဲအချိန်မှာ ရန်ကုန်မြို့က ရုရှားသံရုံးကို သွားရောက်ခဲ့ပြီး သံအမတ်ကီး အန်ဒရေကာလော့ဗ်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်မှာ ရေးထိုးခဲ့တာပါ။

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဦး အန်ဒရေကားလော့ဗ်ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က တူရကီနိုင်ငံရဲ့ မြို့တော်အန်ကာရာမှာလုပ်တဲ့ ပန်းချီပြပွဲတစ်ခုမှာ မိန့်ခွန်းပြောနေတုန်း တူရကီ ရဲအရာရှိတစ်ဦးက လုပ်ကြံသတ်ဖြတ်တာကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)