ICJ မှာ ‌ဖြေရှင်းဖို့ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ တပ်မတော်ပြော

0
168

Unicode Version

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရာရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပူးပေါင်း ဖြေရှင်းနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနကို ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်လို့ စွပ််စွဲချက်နဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုခဲ့တာပါ။

“လိုအပ်တဲ့ အချက်အလက်တွေ စုစည်းပေးပို့နိုင်ဖို့ကိုလည်း စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်လျှက်ရှိပါတယ်၊ ပြီးရင်လည်း လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ICJ မှာ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေ မကြာမီ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ပြန်လည် တုံ့ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ရင်ဆိုင်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

“ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ အဲဒီမှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်က စတင်ခဲ့တာ မဟုတ်ဘူး၊ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေက စခဲ့တာမဟုတ်ဘူး၊ ARSA အကြမ်းဖက်အဖွဲ့က စတင်ခဲ့တာ ဖြစ်တယ်၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာရဲ့ စွပ်စွဲမှုမှာ သူတို့ရဲ့ လုပ်ကိုင်ခဲ့တဲ့လုပ်ရပ်ဟာ ပျောက်ကွယ်ခဲ့ပြီး နောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ဟာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို သူတို့က အရေးပေး ပြောလာတာတွေရှိတယ်၊ ICJ မှာ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံမှာ တကယ်ဖြစ်ခဲ့တာကို နိုင်ငံတကာက သိအောင် ရှင်းပြနိုင်မယ့် အခွင့်အရေးရမယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုမှာ ပြောပါတယ်။

လာမယ့ွ ဒီဇငဘွာလ ၁၀ ရကနွေ့မှာ မှနမွာနိုငငွံကို တရားစှဲဆိုထားတဲ့ အမှုကို စတငကွှားနာမှာဖှဈပှီး ဒီဇငဘွာလ အတှငွးမှာ မှနမွာဘကကွ လှှောကလွဲခကွှ တငသွှငွးရမှာ ဖှဈပါတယွ။

ICJ မှာ ‌ဖှရှငြေးဖို့ အစိုးရနဲ့ ပူးပေါငြးလုပဆြောငနြတယေလြို့ တပမြတောပြှော

Zawgyi Version

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရာရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပူးပေါင်း ဖြေရှင်းနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနကို ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုခဲ့တာပါ။

“လိုအပ်တဲ့ အချက်အလက်တွေ စုစည်းပေးပို့နိုင်ဖို့ကိုလည်း စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်လျှက်ရှိပါတယ်၊ ပြီးရင်လည်း လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ICJ မှာ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေ မကြာမီ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ပြန်လည် တုံ့ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ရင်ဆိုင်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

“ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ အဲဒီမှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်က စတင်ခဲ့တာ မဟုတ်ဘူး၊ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေက စခဲ့တာမဟုတ်ဘူး၊ ARSA အကြမ်းဖက်အဖွဲ့က စတင်ခဲ့တာ ဖြစ်တယ်၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာရဲ့ စွပ်စွဲမှုမှာ သူတို့ရဲ့ လုပ်ကိုင်ခဲ့တဲ့လုပ်ရပ်ဟာ ပျောက်ကွယ်ခဲ့ပြီး နောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ဟာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို သူတို့က အရေးပေး ပြောလာတာတွေရှိတယ်၊ ICJ မှာ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံမှာ တကယ်ဖြစ်ခဲ့တာကို နိုင်ငံတကာက သိအောင် ရှင်းပြနိုင်မယ့် အခွင့်အရေးရမယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုမှာ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုကို စတင်ကြားနာမှာဖြစ်ပြီး ဒီဇင်ဘာလ အတွင်းမှာ မြန်မာဘက်က လျှောက်လဲချက် တင်သွင်းရမှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)