စီးပွားရေးလုပ်ဖို့ တိုးတက်တဲ့နိုင်ငံ ၂၀ စာရင်းမှာ မြန်မာပါဝင်မှုကို ထိန်းသိမ်းဖို့တိုက်တွန်း

0
36

Unicode Version

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှု အတိုးတက်ဆုံးနိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင် လာတဲ့အပေါ် ထိန်းသိန်းထားဖို့့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် အာကာထက် က တင်ဆက်ပေးထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ သက်မှတ်ထုတ်ပြန်ချက်အရ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ လွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံအနေနဲ့ အရင်နှစ်ထက် အဆင့် ၆ ဆင့်အထိ မြင့်တက်လာတဲ့ အပြင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှု အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းမှာလည်း ပါဝင်လာတဲ့ အတွက် ထူးခြားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလို်က်ပါတယ် ။

နိုဝင်ဘာ ၂၂ ရက်နေ့က နေပြည်တော်ရှိ MICC 2 အဆောက်အအုံမှာ ကျင်းပပြုလုပ်တဲ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) နှစ် ၁၀၀ ပြည့် အခမ်းနား အဖွင့်အမှာစကားပြောကြားစဉ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာ ဖော်ပြချက်အပေါ် ကိုးကားပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ လူစွမ်းအားအရင်းအမြစ်နဲ့ အခြေခံ အဆောက်အအုံတွေ လိုအပ်မှာဖြစ်ပြီး အစိုးရနဲ့ ပုဂ္ဂလိကဏ္ဍ (၂) ရပ်စလုံးက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံ အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်နေတဲ့အတွက် အရင်း အနှီးနဲ့ နည်းပညာပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေမှာဖြစ်တာကြောင့် နည်းပညာနဲ့ အရင်းအနှီးရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ နိုင်ငံအသီးသီးကို ဖိတ်ခေါ်မှုတွေ ပြုလုပ်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ မပူးပေါင်းပါက နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းမှု၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့စီးပွား ရေးလုပ်ငန်းတွေ နိုင်ငံတကာကို ဖြန့်ကျက်နိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် UMFCCI အနေနဲ့ ပုဂ္ဂလိက ကဏ္ဍကို ဆက်လက်ဦးဆောင်တာဝန်ယူဖို့ မျော်လင့်တယ်လို့လည်း အတိုင်ပင်ခံက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အင်တာဗျူး- နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

ကုနသြညစြကမြှုအသငြးခွုပြ (UMFCCI)ရဲ့ အရှယအြစား၊ ကိုယစြားပှုမှုနဲ့ နိုငငြံတကာ အဆကအြသှယတြှကှေောင့ြ မှနမြာနိုငငြံရဲ့ ပုဂျဂလိက စီးပှားရေးကဏျဍအပေါြ ကိုယစြားပှုတဲ့ အဖှဲ့အစညြးအဖှဈ ရှေးခယွသြကမြှတထြားပှီး နိုငငြံတောရြဲ့ စီးပှားရေး ဖှံ့ဖှိုးတိုးတကရြေးလုပငြနြးတှမှော ထိထိရောကရြောကြ ပါဝငဆြောငရြှကပြေးဖို့လညြး မွောလြင့တြယလြို့ အတိုငပြငခြံပုဂျဂိုလကြ ဆိုပါတယြ။ ဒီအတှကြ မှနမြာနိုငငြံအတှငြးက လုပငြနြးကဏျဍအသီးသီးနဲ့ ပုံစံအသီးသီးတို့မှာ အခုထကြ ပိုမိုလှယကြူစှာ လုပကြိုငြ ဆောငရြှကနြိုငဖြို့နဲ့ ပှငပြှငပြှောငြးလဲရေးလုပငြနြးမှာ နှေးကှေးမှုဖှဈစတေဲ့ အတားအဆီးတှကေို ဖယရြှားရေး လုပဆြောငနြတယေလြို့လညြး အသိပေးပှောဆိုခဲ့ပါတယြ ခငဗြွာ။


Zawgyi Version

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှု အတိုးတက်ဆုံးနိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင် လာတဲ့အပေါ် ထိန်းသိန်းထားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် အာကာထက်  က တင်ဆက်ပေးထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ သက်မှတ်ထုတ်ပြန်ချက်အရ စီးပွားရေးလုပ်ငန်းတွေ  လုပ်ကိုင်ဖို့ လွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံအနေနဲ့ အရင်နှစ်ထက် အဆင့် ၆ ဆင့်အထိ မြင့်တက်လာတဲ့ အပြင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှု အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းမှာလည်း  ပါဝင်လာတဲ့ အတွက် ထူးခြားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ် ။

နိုဝင်ဘာ ၂၂ ရက်နေ့က နေပြည်တော်ရှိ MICC 2 အဆောက်အအုံမှာ ကျင်းပပြုလုပ်တဲ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) နှစ် ၁၀၀ ပြည့် အခမ်းနား အဖွင့်အမှာစကားပြောကြားစဉ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာ ဖော်ပြချက်အပေါ် ကိုးကားပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 အင်တာဗျူး- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် 

နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ လူစွမ်းအားအရင်းအမြစ်နဲ့ အခြေခံ အဆောက်အအုံတွေ လိုအပ်မှာဖြစ်ပြီး အစိုးရနဲ့ ပုဂ္ဂလိကဏ္ဍ (၂) ရပ်စလုံးက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်  မြန်မာ့နိုင်ငံ အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်နေတဲ့အတွက် အရင်း အနှီးနဲ့ နည်းပညာပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေမှာဖြစ်တာကြောင့် နည်းပညာနဲ့ အရင်းအနှီးရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ နိုင်ငံအသီးသီးကို ဖိတ်ခေါ်မှုတွေ ပြုလုပ်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ် ။

အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ မပူးပေါင်းပါက နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းမှု၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့စီးပွား ရေးလုပ်ငန်းတွေ နိုင်ငံတကာကို ဖြန့်ကျက်နိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် UMFCCI အနေနဲ့ ပုဂ္ဂလိက ကဏ္ဍကို ဆက်လက်ဦးဆောင်တာဝန်ယူဖို့ မျော်လင့်တယ်လို့လည်း အတိုင်ပင်ခံက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

အင်တာဗျူး- နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရဲ့ အရွယ်အစား၊ ကိုယ်စားပြုမှုနဲ့ နိုင်ငံတကာ အဆက်အသွယ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍအပေါ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအဖြစ် ရွေးချယ်သက်မှတ်ထားပြီး နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ပေးဖို့လည်း မျော်လင့်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအတွင်းက လုပ်ငန်းကဏ္ဍအသီးသီးနဲ့ ပုံစံအသီးသီးတို့မှာ အခုထက် ပိုမိုလွယ်ကူစွာ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့နဲ့ ပြင်ပြင်ပြောင်းလဲရေးလုပ်ငန်းမှာ နှေးကွေးမှုဖြစ်စေတဲ့ အတားအဆီးတွေကို ဖယ်ရှားရေး လုပ်ဆောင်နေတယ်လို့လည်း အသိပေးပြောဆိုခဲ့ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)