ယူနက်စကိုမှာ မြန်မာနိုင်ငံက အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ

0
14

Unicode Version

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) ရဲ့ အကြိမ် (၄၀) မြောက် ယူနက်စကို အထွေထွေ ညီလာခံမှာ ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

နိုဝင်ဘာလ ၁၂ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပတဲ့ ညီလာခံအတွင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်နေရာတွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ယူနက်စကို ဒေသဆိုင်ရာ အုပ်စုတွေအနက် မြန်မာနိုင်ငံဟာ အာရှပစိဖိတ်အုပ်စုအတွင်း ယှဉ်ပြိုင်ခဲ့ရာမှာ မဲပေးခွင့်ရှိတဲ့အဖွဲ့ဝင် ၁၈၀ အနက် ၁၄၂ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ယူနက်စကိုမှာ အဖွဲ့ဝင်အဖြစ် ၁၉၄၉ ခုနှစ်၊ ဇွန်လကစပြီး ပါဝင်ခဲ့ရာမှာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ယူနက်စကို အလုပ်အမှုဆောင် အဖွဲ့ဝင်နေရာမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version