“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အခမ်းအနား ကျင်းပနိုင်ရေး ဆွေးနွေး

0
18

Unicode Version

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြုလုပ်တဲ့ ညှိနှိုင်း အစည်းအဝေး ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ပွဲတော်ကျင်းပရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ဘတ်ဂျက်ခွဲဝေထားမှု၊ ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ လျာထားချက်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့က ကြီးမှူးတဲ့ ဒုတိယအကြိမ်မြောက် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အခမ်းအနားကို တိုင်ရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့တွေ၊ စည်းလုံးညီညွတ်မှုနဲ့ နေထိုင်မှုပုံစံတို့ကို တိုင်းရင်းသား လူမျိုးအချင်းချင်းကြား ချစ်ကြည်စွာ ရင်းနှီးဖလှယ်မှုပြုရန်နဲ့ ပြည်ပနိုင်ငံသားတွေပါ သိရှိစေဖို့ ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Zawgyi Version