တမူးမှာ အကျဉ်းသားတစ်ဦး သေနတ်ထိမှန် သေဆုံး

0
48

Unicode Version

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်စိုက်ပျိုးရေး မွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်း စပါးစိုက်ခင်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က အကျဉ်းသားတစ်ဦး သေနတ်ထိမှန် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

မြို့သစ်စိုက်ပျိုးရေး မွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းမှာ မြို့သစ် အကျဉ်းထောင်က တာဝန်ကျ တပ်သားတစ်ဦး MA -11 သေနတ်ကို ပေါင်တင်ထားပြီး ပလတ်စတစ်ထိုင်ခုံပေါ် ထိုင်နေခဲ့ပါတယ်။ အကျဉ်းသားတွေ စပါးရိတ်သိမ်းမှုကို စောင့်ကြည့်နေစဉ် လယ်ကွင်းထဲမှာ မြေမညီမှုကြောင့် တပ်သား ထိုင်နေတဲ့ ပလတ်စတစ်ထိုင်ခုံ လဲကျသွားခဲ့ပြီး ဟန်ပျက်ကာ မြေကြီးပေါ်မှာ ဖင်ထိုင်ကျစဉ် သေနတ်လွတ်မကျစေရေးအတွက် ဖမ်းဆုပ်ကိုင်လိုက်ရာမှာ ခလုတ်ကို ထိမိခဲ့ပါတယ်။

အဲဒီလို ခလုတ်ထိမိခဲ့တဲ့အတွက် သေနတ်က ကျည်ပေါက်ထွက်ကာ လယ်ရိတ်နေတဲ့ အကျဉ်းသားရဲ့ ဝဲဘက်ပါးအောက်ကနေ နောက်စေ့အောက် ကုပ်ပိုး ပွင့်ထွက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံ တပ်သားကို တပ်မူးမြို့နယ် မြို့နယ်နယ်မြေရဲစခန်းက (ပ) ၇/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ အရ အမှုဖွင့်အရေးယူထားပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)