ဘင်္ဂါလီတွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်က တူရကီ ထောက်ခံမှုကို ရှာ

0
34

Unicode Version

တူရကီနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး မူစတာဖာ ကမယ်လ်ဟာ ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ပို့ရေး အမြန်အကောင်အထည် ပေါ်စေဖို့ တူရကီနိုင်ငံရဲ့ ထောက်ခံမှုရရေး ကြိုးပမ်းနေပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့က တူရကီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီး ကမယ်က ဘင်္ဂါလီ မွတ်စလင်တွေအတွက် ခိုလှုံစရာပေးဖို့ စရိတ်စက ကုန်ကျမှု မြင့်တက်နေကြောင်း ပြောပါတယ်။ ဒါ့အပြင် အခု ဘင်္ဂါလီ မွတ်စလင်တွေ နေထိုင်နေတဲ့ ဧရိယာတွေမှာ သဘာဝပတ်ဝန်းကျင် တစ်ခုလုံး ပျက်စီးနေပြီး ကောက်ဘဇား ဒေသဟာ သဘာဝ ဘေးအန္တရာယ် ကျရောက်မယ့် အနေအထားကို ရောက်ရှိနေကြောင်း၊ လူမှုရေးဆိုင်ရာနဲ့ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုတွေ ပိုများလာနေကြောင်းလည်း သူက ပြောသွားပါတယ်။

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ တူရကီနိုင်ငံက အစောပိုင်းမှာ မကြာခဏ ထုတ်ဖော်ပြောဆိုပေမယ့် မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တွေအပေါ် ဝေဖန်ခံနေရတာတွေ၊ တူရကီနယ်စပ်မှာ ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ထုတ်မှုမှာ နိုင်ငံတကာ အကြပ်အတည်း တင်းမာမှု ကြုံနေရတာတွေ ရှိနေပါတယ်။

Zawgyi Version