ဦးဝှေ့တင်း ဖမ်းဆီးခံရမှုကို အလွန် စိုးရိမ်ကြောင်း AI နဲ့ APHR တို့ ပြော

0
115

Unicode Version

AA ရခိုင်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် လွှတ်တော်အမတ် ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်များအဖွဲ့ (APHR) က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ပါဝင်နေသူတွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိကြောင်း၊ အရပ်သား ဖြစ်တဲ့ ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း၊ AA က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားကိစ္စကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်၊ ချင်းပြည်နယ် ပလက်ဝ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကုလားတန်မြစ်ကြောင်းမှာ ခရီးသွားနေစဉ် AA အဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဦးဝှေ့တင်းဟာ အစိုးရကို သတင်းပေးတယ်ဆိုပြီး AA အဖွဲ့က စွပ်စွဲထားပြီး အခုထိ ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ ဘာသတင်းမှ မကြားရသေးပါဘူး။

Zawgyi Version