နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး မြန်မာနဲ့ထိုင်း MoU လက်မှတ်ရေးထိုး

0
26

Unicode Version

မဲခေါင်မြစ်ဝှမ်းဒေသ (GMS) ညီလာခံအတွင်း မြန်မာနဲ့ ထိုင်းတို့ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ထိုင်း ဒုတိယ သယ်ယူပို့ဆောင်ရေး ဝန်ကြီး သာဝန်း ဆင်နီအမ်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပတဲ့ ၂၃ ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ ညီလာခံမှာ MoU လက်မှတ်ရေးထိုးခဲ့တာပါ။ အခု MoU ဟာ ထိုင်း-မြန်မာနယ်စပ်မှာ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၊ ကုန်စ္စည်ပစ္စည်း ဖြန့်ဖြူးရေး တိုးတက်စေဖို့ ရည်ရွယ်တဲ့ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူညီချက် (CBTA) ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။

အခု နားလည်မှု စာချွန်လွှာဟာ ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ မြန်မာနိုင်ငံ၊ မြဝတီတို့အကြား ကုန်သွယ်ရေးအတွက် ဖြတ်ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ကုန်စည်စစ်ဆေးမှု တိုးတက်စေရေးတို့ အတွက်လည်း အခု MoU က အကြုံးဝင်မှာ ဖြစ်ပါတယ်။

Zawgyi Version