
0
453



………………… ။ ။ …………………

ဘူးသီးတောင်မြို့မှာ မီးလောင်မှု ဖြစ်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူး ကျေးရွာမှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီကျေးရွာမှာနေ ရှောင်ရှုးအာလောင် (၄၇ နှစ်) ရဲ့ အိမ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ရှောင်ရှုးအာလောင် အိပ်ပျော်နေချိန်မှာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် နေအိမ် နဲ့ ပေ ၁၀ဝ ခန့် အကွာရှိ ဓနိမိုး၊ ထရံကာ ဈေးဆိုင်ခန်း ခေါင်မိုးအရှေ့ဘက်ကို မီးစွဲလောင်ခဲ့သလို ဝိုင်းဝန်းငြှိမ်းသတ်ချိန်မှာပဲ နေအိမ်ခေါင်မိုး အနည်းငယ်ကိုလည်း ထပ်မံ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးငြှိမ်းနိုင်ခဲ့ပါတယ်။ ရှောင်ရှုးအာလောင်က သူပိုင်ဈေးဆိုင်နဲ့ နေအိမ်ကို မကျေနပ်သူတစ်ဦးဦးက မီးရှို့တာဖြစ်လို့ အရေးယူပေးဖို့ တိုင်တန်းခဲ့ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည် မြောက်ရွာနေ မအန်ဆာဘေဂေါင် (၂၃ နှစ်) မီးဖိုချောင်အတွင်း ထမင်းချက်ပြုတ်ထားခဲ့ပြီး ရွာထဲသို့ ထွက်လာစဉ် မီးဖိုချောင်ကနေတစ်ဆင့် ဝါးထရံကို မီးကူးစက် လောင်ကျွမ်းခဲ့ရာက နေအိမ် တစ်လုံး မီးလောင်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)