ျမန္မာႏုိင္ငံကို ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အေမရိကန္ လႊတ္ေတာ္ကုိယ္စားလွယ္ ေတာင္းဆုိ

0
500

ျမန္မာႏိုင္ငံကို လာေရာက္ေလ့လာခဲ့တဲ့ အေမရိကန္ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႔ က ကုိယ္စားလွယ္ ဂ်က္ဖ္မက္ေလ က ဘဂၤါလီ ဒုကၡသည္မ်ား ေနရပ္ျပန္လည္ေရး နဲ႔ ျပန္လည္ထူေထာင္ေရးတို႔မွာ ျမန္မာေခါင္းေဆာင္ေတြကို ကုလသမဂၢႏွင့္ လက္တြဲေဆာင္ရြက္ရမွာျဖစ္ၿပီး ရခုိင္ျပည္နယ္က အျဖစ္ပ်က္ေတြအေပၚ ယုံၾကည္စိတ္ခ်ရတဲ့ စုံစမ္းစစ္ေဆးေရးေတြလုပ္ရမယ္လို႔ ေျပာလိုက္ပါတယ္။

လႊတ္ေတာ္ အမတ္ ဂ်က္ဖ္မက္ေလးက ဘဂၤါလီေတြ ျပန္လာတဲ့အခါ ေခၚယူမႈ ျပန္လည္ေနရာခ်ထားမႈ နဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရရဲ႕ ကတိအေပၚ ေဆာင္ရြက္မႈက အေရးႀကီးၿပီး ဒုကၡသည္ေတြ အိမ္ျပန္လာတာ ဒါမွမဟုတ္ သူတုိ႔ ျပန္လည္ေရာက္ရွိတဲ့ေနရာမွာ ကန္႔သတ္ခ်က္ေတြ ရွိမေနဖို႔လည္း အေရးႀကီးတယ္ လို႔ေျပာခဲ့ပါတယ္။

အေမရိကန္ လႊတ္ေတာ္ကိုယ္စားလွယ္ အဖြဲ႔ ဟာၿပီးခဲ့တဲ့ရက္ပိုင္းက ရခုိင္ျပည္နယ္ကို သြားေရာက္ေလလာခဲ့ၿပီး ပဋိပကၡျဖစ္တဲ့ ေနရာေတြက ဒုကၡသည္စခန္းေတြကိုသြားေလ့လာခြင့္မရလုိ႔ စိတ္မေကာင္းဘူးလို႔ ေျပာပါတယ္။
…………………… ။ ။ ……………………..

မြန်မာနိုင်ငံကို ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်လွတ်တော်ကိုယ်စား လှယ်တောင်းဆို

မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့တဲ့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ က ကိုယ်စားလှယ် ဂျက်ဖ်မက်လေ က ဘင်္ဂါလီ ဒုက္ခသည်များ နေရပ်ပြန်လည်ရေး နဲ့ ပြန်လည်ထူထောင်ရေးတို့မှာ မြန်မာခေါင်းဆောင်တွေကို ကုလသမဂ္ဂနှင့် လက်တွဲဆောင်ရွက်ရမှာဖြစ်ပြီး ရခိုင်ပြည်နယ်က အဖြစ်ပျက်တွေအပေါ် ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်ရမယ်လို့ ပြောလိုက်ပါတယ်။

လွှတ်တော် အမတ် ဂျက်ဖ်မက်လေးက ဘင်္ဂါလီတွေ ပြန်လာတဲ့အခါ ခေါ်ယူမှု ပြန်လည်နေရာချထားမှု နဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကတိအပေါ် ဆောင်ရွက်မှုက အရေးကြီးပြီး ဒုက္ခသည်တွေ အိမ်ပြန်လာတာ ဒါမှမဟုတ် သူတို့ ပြန်လည်ရောက်ရှိတဲ့နေရာမှာ ကန့်သတ်ချက်တွေ ရှိမနေဖို့လည်း အရေးကြီးတယ် လို့ပြောခဲ့ပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ဟာပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်ကို သွားရောက်လေလာခဲ့ပြီး ပဋိပက္ခဖြစ်တဲ့ နေရာတွေက ဒုက္ခသည်စခန်းတွေကိုသွားလေ့လာခွင့်မရလို့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)