ေျမျပင္ မုိးေလဝသ တုိင္းထြာေရးကိရိယာ ၅၀ ကို ၂ ႏွစ္အတြင္း တပ္ဆင္မယ္

0
436

ျမန္မာႏိုင္ငံ၊ သဘာ၀ေဘးအႏၲရာယ္မ်ားအတြက္ခန္႔မွန္းျခင္း ႀကိဳတင္သတိေပး စနစ္ ေခတ္မီဖြံ႔ၿဖိဳးမႈအတြက္ အကူအညီေပးေရးစီမံကိန္းအေနနဲ႔ အလိုအေလ်ာက္ ေျမျပင္မိုးေလ၀သ တိုင္းထြာေရးကိရိယာ (၅၀) ကိုျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕ေပါင္း (၅၀)မွာ ၂၀၁၇ ခုႏွစ္မွစတင္၍ ႏွစ္ႏွစ္အတြင္း အၿပီးတပ္ဆင္သြားဖို႔ စီစဥ္ေနပါတယ္။

ပို႔ေဆာင္ေရး နဲ႔ ဆက္သြယ္ေရး၀န္ႀကီးဌာန မိုးေလ၀သႏွင့္ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန နဲ႔ ကိုရီးယားမိုးေလ၀သဌာနတို႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိတဲ့ ျမန္မာႏိုင္ငံ သဘာ၀ေဘးအႏၲရာယ္မ်ား အတြက္ခန္႔မွန္းျခင္း နဲ႔ ႀကိဳတင္သတိေပးစနစ္ ေခတ္မီဖြံ႔ၿဖိဳးမႈ အတြက္ အကူအညီေပးေရးစီမံကိန္းပါ အလိုအေလ်ာက္ ေျမျပင္မိုးေလ၀သ တိုင္းထြာေရး ကိရိယာတပ္ဆင္မႈကို ေနျပည္ေတာ္ ေကာင္စီရံုး၀င္း အတြင္း ျပဳလုပ္ခဲ့ပါတယ္။

အဲဒီတပ္ဆင္မႈအခမ္းအနားအတြင္း ကိုရီးယားႏိုင္ငံ NOAA SNC ကုမၸဏီမွ မစၥတာ ရွင္းဆြန္းေခ်ာလ္ က အလိုအေလ်ာက္ ေျမျပင္မိုးေလ၀သ တိုင္းထြာေရးကိရိယာအား မိတ္ဆက္ေျပာဆုိခဲ့ပါတယ္။
…………………… ။ ။ …………………..

မြေပြင် မိုးလေဝသ တိုင်းထွာရေးကိရိယာ ၅၀ ကို ၂ နှစ်အတွင်း တပ်ဆင်မယ်

မြန်မာနိုင်ငံ၊ သဘာဝဘေးအန္တရာယ်များအတွက်ခန့်မှန်းခြင်း ကြိုတင်သတိပေး စနစ် ခေတ်မီဖွံ့ဖြိုးမှုအတွက် အကူအညီပေးရေးစီမံကိန်းအနေနဲ့ အလိုအလျောက် မြေပြင်မိုးလေဝသ တိုင်းထွာရေးကိရိယာ (၅၀) ကိုမြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း (၅၀)မှာ ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်နှစ်အတွင်း အပြီးတပ်ဆင်သွားဖို့ စီစဉ်နေပါတယ်။

ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦး စီးဌာန နဲ့ ကိုရီးယားမိုးလေဝသဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်များ အတွက်ခန့်မှန်းခြင်း နဲ့ ကြိုတင်သတိပေးစနစ် ခေတ်မီဖွံ့ဖြိုးမှု အတွက် အကူအညီပေးရေးစီမံကိန်းပါ အလိုအလျောက် မြေပြင်မိုးလေဝသ တိုင်းထွာရေး ကိရိယာတပ်ဆင်မှုကို နေပြည်တော် ကောင်စီရုံးဝင်း အတွင်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီတပ်ဆင်မှုအခမ်းအနားအတွင်း ကိုရီးယားနိုင်ငံ NOAA SNC ကုမ္ပဏီမှ မစ္စတာ ရှင်းဆွန်းချောလ် က အလိုအလျောက် မြေပြင်မိုးလေဝသ တိုင်းထွာရေးကိရိယာအား မိတ်ဆက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)