
0
615




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခါကာဘိုရာဇီတောင် တက်ဖို့ မြန်မာတောင်တက်သမားတွေ နီပေါမှာ လေ့ကျင့်

လာမယ့် ၂၀၁၈ ခုနှစ်အတွင်း ခါကာဘိုရာဇီတောင်ကို တက်ရောက်ဖို့အတွက် မြန်မာတောင်တက်သမား သုံးဦးဟာ နီပေါနိုင်ငံမှာ သွားရောက် လေ့ကျင်နေပါတယ်။
နီပေါနိုင်ငံရှိ အမြင့် ၆၈၁၂ မီတာရှီ အာမာ ဒါဘလမ်တောင်မှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ အာမာ ဒါဘလမ်တောင်ဟာ ခါကာဘိုရာဇီနဲ့ အမြင့်ပေချင်း နီးစပ်တူညီမှုရှိပြီး မတ်စောက်မှုအရလည်း အနီးစပ်ဆုံး တူညီပါတယ်။

သွားရောက်လေ့ကျင့်နေတဲ့ တောင်တက်သမား သုံးဦးကတော့ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ်က တောက်တက်သမား သုံးဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်ခိုင်မြင့်နဲ့ ကိုဇော်ဇင်ခိုင်တို့ ဖြစ်ပါပြီး အောက်တိုဘာ ၂၃ ရက်နေ့ကတည်း မြန်မာနိုင်ငံက ထွက်ခွာသွားတာ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၈ သြဂုတ်လမှာ ခါကာဘိုရာဇီတောင်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)