
0
435



……………………. ။ ။ ……………………..

မောင်တောမှာ အလောင်း သုံးလောင်းတွေ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သောင်ပညာ ကျေးရွာ ချောင်းစပ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။

ဆက်လက် ရှာဖွေရာ တခြား အလောင်းနှစ်လောင်းကိုလည်း လက်ပြန်ကြိုးတုပ်လျက် လည်ပင်းပြတ်ရှ ဒဏ်ရာ တစ်ချက်စီနဲ့ သေဆုံးနေတာကို ပူးပေါင်း လုံခြုံရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့ပြီး မောင်တော ဆေးရုံကို ပို့ဆောင်ထားပါတယ်။

သေဆုံးသူတွေဟာ မြို့မ ကညင်တန်းရပ်ကွက်နေ မူဟာမတ် အီဒရစ် (၂၅ နှစ်)၊ အဘူဟိုက် (၁၈ နှစ်)နဲ့ ဟာမိတ်တူဆောင်း (၂၂ နှစ်) တို့ ဖြစ်ပြီး ပြင်ဖြူနယ်မြေ ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)