
0
499



အောာင်သူဟာ ရတနာပုံ ကလပ်အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းတွေမှာ ပုံမှန် ကစားခွင့် ရသူဖြစ်ပြီး မြန်မာလက်ရွေးစင် အတွက်ပွဲပေါင်း ၂၅ ပွဲမှာ ၈ ဂိုး သွင်းယူပေးထားပါတယ်။
…………………… ။ ။ …………………….
မြန်မာ တိုက်စစ်မှူး အောင်သူ ထိုင်း တယ်ရိုဆက်ဆာနာကို ပြောင်းရွှေ့

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူဟာ ထိုင်း တီဝမ်းကလပ် တယ်ရိုဆက်ဆာနာကို ပြောင်းရွေ့သွားပြီ ဖြစ်တယ်လို့ ရတနာပုံ ကလပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၁ နှစ် အရွယ်ရှိ ရတနာပုံ တိုက်စစ်မှူးဟောင်း အောင်သူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ရတနာပုံအသင်းက အသေးစိတ် ထုတ်ပြန်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး အောင်သူဟာ အရှေ့တောင်အာရှမှာ ထွန်းတောက်လာမယ့် ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် အသိမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။

အောင်သူဟာ ရတနာပုံ ကလပ်အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းတွေမှာ ပုံမှန် ကစားခွင့် ရသူဖြစ်ပြီး မြန်မာလက်ရွေးစင် အတွက်ပွဲပေါင်း ၂၅ ပွဲမှာ ၈ ဂိုး သွင်းယူပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)