ျမန္မာ-ဘဂၤလားေဒ့ရွ္ ေဆြးေႏြးမႈေတြ ဘယ္ေလာက္ နီးစပ္လာတယ္ဆိုတာ ေျဖဖို႔ အလြန္ခက္

0
428

ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ အၾကား ေတြ႔ဆံုေဆြးေႏြးမႈေတြ ဘယ္အထိ နီးစပ္လာတယ္ဆိုတာကို ေျဖဖို႔ အလြန္ခက္ခဲၿပီး ေဆြးေႏြးမႈေတြဟာ တစ္လေက်ာ္၊ ႏွစ္လနီးပါး ရွိေနၿပီလို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

မေန႔က ႏိုဝင္ဘာ ၂၁ ေနျပည္ေတာ္မွာ က်င္းပတဲ့ (၁၃) ႀကိမ္ေျမာက္ အာရွ-ဥေရာပ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့အတြက္ အဲဒီကိစၥကို ဆက္လက္ ေဆြးေႏြးၾကမွာ ျဖစ္ၿပီး အျမန္ဆံုး သေဘာတူညီမႈ ရရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ ေနရပ္စြန္႔ခြာေျပးသူ ျပန္လက္ခံရာမွာ အရင္က ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရတို႔အၾကား ရယူထားတဲ့ သေဘာတူညီခ်က္ေတြ နဲ႔အညီ စနစ္တက် ျပန္လည္ လက္ခံသြားမယ္လို႔လည္း သူက ေျပာပါတယ္။
………………….. ။ ။ …………………….

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှုတွေ ဘယ်လောက် နီးစပ်လာတယ်ဆိုတာ ဖြေဖို့ အလွန်ခက်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် အကြား တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်အထိ နီးစပ်လာတယ်ဆိုတာကို ဖြေဖို့ အလွန်ခက်ခဲပြီး ဆွေးနွေးမှုတွေဟာ တစ်လကျော်၊ နှစ်လနီးပါး ရှိနေပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၂၁ နေပြည်တော်မှာ ကျင်းပတဲ့ (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အတွက် အဲဒီကိစ္စကို ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပြီး အမြန်ဆုံး သဘောတူညီမှု ရရှိမယ်လို့ မျှော်လင့်ကြောင်း၊ နေရပ်စွန့်ခွာပြေးသူ ပြန်လက်ခံရာမှာ အရင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား ရယူထားတဲ့ သဘောတူညီချက်တွေ နဲ့အညီ စနစ်တကျ ပြန်လည် လက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)