
0
542



…………………… ။ ။ ……………………
ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး တစ်ဆင့်ချင်း အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်

ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ တစ်ဆင့်ချင်းသွားပြီး အောင်မြင်စွာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှု လိုအပ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြန်လည် ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ချက်ချင်းလုပ်ဆောင်လို့ မရနိုင်တဲ့အတွက် အချိန်အတိအကျ မသိနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

(၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)