
0
490




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီးပွားရေး ပတ်ဝန်းကျင်ကောင်းနဲ့ ခိုင်မာတဲ့ ဥပဒေစိုးမိုးမှု လိုအပ်တယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီး ပြော

စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စီးပွားရေး ပတ်ဝန်းကျင် ကောင်းနဲ့ ခိုင်မာတဲ့ တရားဥပဒေ စိုးမိုးမှု ရှိရမှာ ဖြစ်ပြီး အဲဒီအခြေအနေရောက်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်း တစ်ဟုန်ထိုး တိုးတက်လာမယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဖင်လန်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု နည်းပါးနေတာနဲ့ ပတ်သက်ပြီး မြန်မာ့အလင်း သတင်းစာက မေးမြန်းရာ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တီမို ဂျူဟာနီ ဆိုအီနီက ဖြေကြားသွားတာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတွေက စနစ်ကျတဲ့အတွက် တရားဥပဒေ စိုးမိုးမှုရှိပြီး ဘေးကင်းလုံခြုံတဲ့အပြင် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံတွေမှသာ လာရောက် ရင်းနှီးမြှုပ်နှံလိုတယ်လို့လည်း သူက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)