စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ တရုတ်နိုင်ငံထဲ ထွက်ပြေးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြော

0
359

ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ လောက် နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံပိုင်နက်ထဲကို ထွက်ပြေးလာတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

china

တရုတ်အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကြည့်ရှုစောင့်ရှောက်ပေးထားပြီး ဒဏ်ရာရရှိသူတွေကိုလည်း ဆေးရုံမှာ ကုသပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှုအန်းက ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ မြန်မာနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာပဲ ရှိနေပါတယ်။
ရှမ်းပြည်နယ်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ကြား နိုဝင်ဘာ ၂၀ နေ့ကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာဟာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)