ပုဒ်မ ၆၆(ဃ) က တဖြည်းဖြည်းနဲ့ သွေးဆိုးလာပြီလို့ ကိုဘိုကြည်ပြော

0
298

ပုဒ်မ ၆၆(ဃ) က တဖြည်းဖြည်းနဲ့ သွေးဆိုးလာပြီး လွှတ်တော်အမတ် တွေအမြန်ဆုံး ပြန်သုံးသပ်ဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) ရဲ့ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

14976149_1011418515651829_1058228820_o

ပုဒ်မ၆၆ (ဃ)နဲ့ ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားမေးမြန်းချက်အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဖြစ်ပေါ်နေတဲ့ အမှုတွေမှာ တရားမမှု လောက်သာအများဆုံး ဖြစ်သင့်တာကို ရာဇ၀တ်မှု မလုပ်သင့်ဘူးလို့ ကိုဘိုကြည် ကပြောပါတယ်။ အခု တရားအစွဲခံထားရတဲ့ ကိစ္စရပ်တွေကို လေ့လာကြည့်ရင် အရေးလုပ်ပြီး တရားစွဲနေစရာတောင်မလိုဘဲ ညှိနှိုင်းလိုက်ရင် ပြီးသွားနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်လို့ ကိုဘိုကြည် ကပြောပါတယ်။

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ နိုင်ငံတော်ဘတ်ဂျက် ယိုပေါက်ဖြစ်မဲ့ အရာတွေအကုန်လုံးကို အစိုးရက တတ်နိုင်သမျှ ထိန်းချုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်ကို အလကား ဖမ်းလို့မရပဲ နိုင်ငံတော်ဘတ်ဂျက် ကုန်တယ် ဆိုတာ စဉ်းစားဖို့ လိုအပ်တဲ့အပြင် တိုင်းပြည်ရဲ့ လုပ်အားလည်း ဆုံးရှုံးတယ်လို့ ကိုဘိုကြည်က ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)