ငြိမ်းချမ်းရေးကို မလိုချင်တဲ့ သူတွေက တိုက်ပွဲတွေ ဖန်တီးနေတာလို့ ဦးသုဝေပြော

0
299

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေးကို မလိုချင်တဲ့ သူတွေကသာ တိုက်ပွဲတွေ ဖန်တီးနေတာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကပြေကြားလိုက်ပါတယ်။

15135516_1011398875653793_1814970986_n

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ၂၁ ရာစု ပင်လုံညီခံကို ဘယ်လောက်အထိ ထိခိုက်လာနိုင်မလဲ ဆိုတဲ့ MCN သတင်း ဌာနရဲ့သီးခြားဆက်သွယ်မေးမြန်းချက် အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ လက်ရှိ ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ ဖိတ်ခေါ်နေပေမယ့် အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မပါဝင်ဘဲ အခုလိုတိုက်ပွဲတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ပိုပြီး ခက်ခဲမှုတွေရှိနေတာဖြစ်တယ်လို့ ဦးသုဝေ ကပြောပါတယ်။

လက်ရှိမှာ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်လာမှ သူတို့အနေနဲ့ NCA လက်မှတ်ထိုးမှာဖြစ်တယ်လို့ ပြောကြားထားတဲ့အပေါ်မှာလည်း အခက်အခဲတွေရှိတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)