မူဆယ်မြို့ ဒေသခံ သုံးသောင်းကျော် တရုတ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်

0
344

မူဆယ်မြို့ဒေသခံတွေဟာ အစိမ်းရောင်ယာယီ နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ပြီး တရုတ်နိုင်ငံဖက်ကို ဒီကနေ့ နံနက်ပိုင်းမှစပြီး
ထွက်ခွာနေကြပါတယ်။

15181151_224683817964207_8809723934216027320_n

လက်ရှိအနေအထားအရ ဒေသခံ လူ ၃ သောင်းကျော်လောက် ရှိပြီလို့ မြို့ခံတွေကပြောပါတယ်။ တရုတ်နိုင်ငံဖက်ကို အဓိက ဂိတ် ၃ ဂိတ်က ထွက်လို့ရတာဖြစ်ပြီး နန်းတော်ဂိတ် မှန့်ဝိန်းဂိတ်နဲ့ ဆင်ဖြူ ဂိတ်တွေက ထွက်ခွာနေကြတာဖြစ်ပါတယ်။

ဒေသခံအများစုကတော့ ဆင်ဖြူဂိတ်ကနေ သောင်းနဲ့ချီထွက်ခွာနေကြတာဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကတော့ ဒေသခံတွေကို တရုတ်နိုင်ငံဖက်ကို မထွက်ခွာကြဖို့နဲ့ လက်ရှိအနေအထားအရ မူဆယ်မြို့ပေါ်မှာ တည်ငြိမ်အေးချမ်းနေပါတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)