တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ် ရပ်စဲဖို့ တရုတ်သံအမတ်ကြီး တိုက်တွန်း

0
342

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျံက ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

china-myanmar

ဒီကနေ့ နံနက်ပိုင်းမှာ ပြုလုပ်တဲ့ China Myanmar Corporation & Communication Centre နဲ့ Chinese Enterprises Chamber အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားမှာ တရုတ်သံအမတ်ကြီးက ခုလို တိုက်တွန်းလိုက်တာပါ။

အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးအမြန်ဆုံးပြန်ရဖို့ ပဋိပက္ခမှာပါတဲ့ အဖွဲ့အစည်းတွေအားလုံး အပစ်အခတ်ရပ်စဲရေးရရှိဖို့ ထိရောက်ခိုင်မာတွေ လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့လည်း တရုတ်သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံပြီး ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းရေးကသာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောလမ်းစဉ်ဖြစ်တယ်လို့လည်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)