လမ်းဦးစီးဌာနရုံးဝင်းအတွင်း တရုတ်နိုင်ငံလုပ် စိန်ပြောင်းပစ်ဗုံးသီး တစ်လုံးကို ရှင်းလင်း

0
304

မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက်အတွင်းက လမ်းဦးစီးဌာန ရုံးဝင်းအတွင်း နိုဝင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့မှာ မြေမှာစိုက်ဝင်နေတဲ့ မပေါက်ကွဲသေးတဲ့ စိန်ပြောင်းပစ်ဗုံးသီးတစ်လုံးကို တွေ့ရှိခဲ့ပါတယ်။

15192532_641881809318262_4498058701941943225_n

အဲဒီတရုတ်နိုင်ငံလုပ် ၉၅ နံပါတ်ပါ အစိမ်းရောင်း ဒလက် ၈ လက်ပါပြီး အလျား ၁ ပေလောက်ရှိတဲ့ စိန်ပြောင်းပစ်ဗုံးသီးကို တာဝန်ရှိသူတွေက သွားရောက်ရှင်းလင်းခဲ့ပါတယ်။ အလားတူ နိုဝင်ဘာ ၂၁ နေ့ညကလည်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ လက်လုပ်မိုင်တစ်ခုပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့တာမရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)