သင်္ဃန်းကျွန်းမြို့နယ်ရှိ အမက ကျောင်းအချို့မှာ ကျောင်းသားဦးရေ သတ်မှတ်ချက်ထက် နည်းပါး

0
271

သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ အမက ၃၃ ကျောင်း ရှိနေပေမဲ့ ကျောင်း ၁၀ ကျောင်းမှာ ကျောင်းသားဦးရေ နည်းပါနေတာကြောင့် ဖျက်သိမ်းရဖွယ်ရှိတယ်လို့ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှ(ခ)ဦးရွှေလှဝင်းက ပြောပါတယ်။

15174504_1011348462325501_632813300_n

နိုဝင်ဘာလ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာပြောကြားလိုက်တာပါ။ အဲဒီသင်္ဃန်းကျွန်းမြို့နယ်မှာ စုစုပေါင်း
ကျောင်းဆောင် ၄၉ ကျောင်းရှိပြီး အထက်တန်းအဆင့် ကျောင်းသားဦးရေ ၄၂၇၈ ဦး၊ အလယ်တန်းအဆင့် ၁၀၀၀၆၈ ဦး၊ မူလတန်းအဆင့် ၂၄၂၇ ဦးရှိပြီး ဆရာ/မ ဦးရေ အထက်တန်းဆင့် ၁၄၇ ဦး၊အလယ်တန်းအဆင့် ၄၂၇ ဦးမူလတန်းအဆင့်၂၆၂ ဦးရှိနေ တာဖြစ်ပါတယ်။

လက်ရှိ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းတွေမှာ ကျောင်းသားဦးရေအချိုးက အထက်ဆင့်မှာ ၁ အချိုး ၃၀၊ အလယ်ဆင့်မှာ ၁ အချိုး၂၄၊ မူလတန်းအဆင့်မှာ ၁အချိုး၄၇ရှိတဲ့ အတွက် ကျောင်းသားဦးရေနဲ့ ဆရာ အချိုးဟာလုံလောက်မှု ရှိတယ်လို့ ပညာဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)