နယ်ခြားစောင့် ရဲကင်းစခန်းကို မင်္သကာဖွယ်လူတစ်စု ချဉ်းကပ်မှုကြောင့် ပစ်ခတ် ရှင်းလင်း

0
309

မောင်တောမြို့နယ် နယ်မြေ(၈) နှာခေါင်းတိုနယ်ခြားစောင့် ရဲကင်းစခန်းအနီးကို မင်္သကာဖွယ်ကာလူတစ်စု ချဉ်းကပ်လာတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

15095045_641860092653767_3851799940308843825_n

နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့်မှာ ရဲကင်းစခန်း ခြံစည်းရိုးအနီးကို မင်္သာကာဖွယ်ရာ လူတစ်စုက ချဉ်းကပ်ခဲ့တာဖြစ်ပြီး နံနက်ပိုင်းမှာ
စခန်းဝန်းကျင်ကို ရှင်းလင်းစဉ် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးနေတဲ့သူ တစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် သေကံကျေးရွာအတွင်းကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၀င်ရောက်ရှင်းလင်းရာမှာ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိရတဲ့ ဘင်္ဂါလီ (၁၀)ဦးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)