ရန်ကုန် မြို့ပတ်ရထား လမ်းပိုင်းအဆင့် မြှင့်တင်မှုကို ၂၀၁၇ ခုနှစ် ဧပြီလမှာ စတင်မယ်

0
361

ရန်ကုန် မြို့ပတ်ရထား လမ်းပိုင်းအဆင့်မြှင့်တင်မှုကို ၂၀၁၇ခုနှစ်ဧပြီလမှာစတင်တော့မယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်း ကပြောပါတယ်။

yangon-circle-train-2

အဲဒီလို အဆင့်မြှင့်တင်ရာမှာ ရထားတွဲတွေ အစားထိုးတာအပါအဝင် ရထားနဲ့ဆက်နွယ်တဲ့ လမ်းပြုပြင်တာတွေ၊ ပလက်ဖောင်း၊ ဘူတာရုံ အဆောက်အအုံ၊ တံတားစတာတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ရထားလိုင်းပိုင်းအဆင့်မြှင့်တင်မှုကို ကာလတိုအနေနဲ့ ၂၀၁၆ ခုနှစ်မှ၂၀၁၈ ခုနှစ်အထိ သတ်မှတ်ပြီး၊ ကာလလတ်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ၂၀၂၅ ခုနှစ်အထိနဲ့ ကာလရှည်စီမံကိန်းကိုတော့ ၂၀၁၅ ခုနှစ်မှ၂၀၃၅ ခုနှစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)