လက်နက်ကိုင်ပူးပေါင်းအဖွဲ့ မလွဲမရှောင်သာပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ပြည်သူတစ်ဦး သေဆုံး

0
343

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကုန်တင်ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

15170893_641845069321936_366879055426392914_n

နမ့်နိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာတဲ့ ယာဉ်တွေကို ရပ်တန့်ထားပြီး ယာဉ်တွေ သွားလာလို့မရအောင် ပိတ်ဆို့ထားတာကြောင့် တပ်မတော်က ရှင်းလင်းရေး ပြုလုပ်ရာမှာ ကုန်တင်ယာဉ်မောင်းသေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ အသက်(၄၂)အရွယ်ရှိ အဲဒီယာဉ်မောင်းဟာ ယာဉ်ဦးခန်းပေါ်မှာ နဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်ပါတယ်။

ပိတ်ဆို့ရပ်တန့်ခံထားရတဲ့ ယာဉ်တွေအနက် အချို့ယာဉ်တွေဟာ ကားမှန်တွေ ရိုက်ခွဲခံရခြင်းတွေအပါအ၀င် ယာဉ်တွေကို ဖျက်ဆီးမှုပြုလုပ်ခံထားရတာဖြစ်ပြီး ယာဉ်တွေသွားလာမှုမရှိအောင်နဲ့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့စေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေကတော့ အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့ ဒီစစ်ဆင်ရေးကို မလွဲမရှောင်သာ ပြုလုပ်ရတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)