လူ့အခွင့်အရေးကိစ္စတွေမှာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
302

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အီးယူနဲ့ ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

15193604_1027334337394432_3236108229251165977_n

နိုဝင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့မှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြုလုပ်တဲ့ တတိယ အကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အဲဒီလိုပြောကြား လိုက်တာပါ။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့် အရေးတိုးတက်စေရေးမှာ ဒီမိုကရေစီဖြစ်စဉ်ရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ခံယူထားပြီး အီးယူနဲ့ လူအခွင့် အရေးကာကွယ်မြှင့်တင်ရေးကိစ္စရပ်တွေမှာ ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားနိုင်မယ့် နည်းလမ်း တွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် နည်းလမ်းတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးပြီး ကာလရှည်ကြာရှိနေတဲ့ ပြဿနာတွေကို အဖြေရှာဖို့အတွက် အထောက် အကူပြုမယ့် စုပေါင်းဆောင်ရွက်မှု တစ်ရပ်ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)