သံဃာတော်နဲ့ သာမဏေ ၆၁ ပါး အစာအဆိပ်သင့်

0
135
devices -->

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ဓမ္မဒူတ ကျောင်းတိုက်မှာ သံဃာတော်နဲ့ သာမဏေ ၆၁ ပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အောက်တိုဘာလ ၂၀ ရက်နေ့က သံဃာတော်နဲ့ သာမဏေ ၆၁ ပါးဟာ အာရုံဆွမ်းအဖြစ် နန်းကြီးသုပ်၊ နေ့ဆွမ်းအဖြစ် ကြက်ဆီထမင်းနဲ့ ရေခဲမုန့်တို့ကို ဘုဉ်းပေးခဲ့ပြီးနောက် ညနေပိုင်းမှာ မူးဝေအော့အန် ဝမ်းသွားပြီး အစာအဆိပ်သင့် ဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်ပွားရာ ညပိုင်းအတွင်း သံဃာတော်နဲ့ သာမဏေ ၆၁ ပါးကို သိမ်ဇရပ် တိုက်နယ်ဆေးရုံဆီ တင်ပို့ပြီး  ဆေးဝါးကုသမှု ခံယူခဲ့ရပါတယ်။