တိုက္ေလယာဥ္ ဝင္တိုက္လို႔ ပ်က္စီးခဲ့တဲ့ တာဝါတိုင္ကို ျပင္ဆင္

0
907

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕မွာ တိုက္ေလယာဥ္ ဝင္တိုက္မိလို႔ ပ်က္စီးသြားတဲ့ တာဝါတိုင္ကို ျပန္လည္ ျပင္ဆင္လိုက္ၿပီ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ မေကြးေလတပ္စခန္းက တိုက္ေလယာဥ္ ႏွစ္စင္း ပ်က္က်ရာမွာ တစ္စီးက တာဝါတိုင္ကို ဝင္တိုက္မိခဲ့တာ ျဖစ္ပါတယ္။ ျမန္မာ့ ဆက္သြယ္ေရး႐ုံးခ်ဳပ္ရဲ႕ ၫႊန္ၾကားမႈနဲ႔ ျပင္ဆင္ခဲ့ၿပီး ႀကံ့ခိုင္မႈကို ဆက္လက္ စစ္ေဆးေနပါတယ္။

အျမင့္ ၆၇ မီတာ ျမင့္တဲ့ မိုကၠ႐ိုေဝ့ဗ္ တာဝါတိုင္ရဲ႕ ၆၃ မီတာ အျမင့္မွာ တိုက္ေလယာဥ္ေၾကာင့္ ပ်က္စီးသြားခဲ့တာ ျဖစ္ပါတယ္။ ေလ့က်င့္ပ်ံသန္းစဥ္ တိုက္ေလယာဥ္ ႏွစ္စင္း ပ်က္က်မႈေၾကာင့္ မေကြးေလတပ္စခန္းက ဗိုလ္ႀကီး ဟိန္းသူေအာင္နဲ႔ ဗိုလ္ႀကီး ၿဖိဳးေမာင္ေမာင္တို႔ ေသဆံုးခဲ့ၿပီး ေလယာဥ္တစ္စီးရဲ႕ အပိုင္းအစ ထိမွန္လို႔ ပဥၥမတန္းေက်ာင္းသူ မသြယ္ဇင္ၿငိမ္း (၁၂ ႏွစ္)လည္း ေသဆံုးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်လေယာဉ် ဝင်တိုက်လို့ ပျက်စီးခဲ့တဲ့ တာဝါတိုင်ကို ပြင်ဆင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ တိုက်လေယာဉ် ဝင်တိုက်မိလို့ ပျက်စီးသွားတဲ့ တာဝါတိုင်ကို ပြန်လည် ပြင်ဆင်လိုက်ပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာ မကွေးလေတပ်စခန်းက တိုက်လေယာဉ် နှစ်စင်း ပျက်ကျရာမှာ တစ်စီးက တာဝါတိုင်ကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးရုံးချုပ်ရဲ့ ညွှန်ကြားမှုနဲ့ ပြင်ဆင်ခဲ့ပြီး ကြံ့ခိုင်မှုကို ဆက်လက် စစ်ဆေးနေပါတယ်။

အမြင့် ၆၇ မီတာ မြင့်တဲ့ မိုက္ကရိုဝေ့ဗ် တာဝါတိုင်ရဲ့ ၆၃ မီတာ အမြင့်မှာ တိုက်လေယာဉ်ကြောင့် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ လေ့ကျင့်ပျံသန်းစဉ် တိုက်လေယာဉ် နှစ်စင်း ပျက်ကျမှုကြောင့် မကွေးလေတပ်စခန်းက ဗိုလ်ကြီး ဟိန်းသူအောင်နဲ့ ဗိုလ်ကြီး ဖြိုးမောင်မောင်တို့ သေဆုံးခဲ့ပြီး လေယာဉ်တစ်စီးရဲ့ အပိုင်းအစ ထိမှန်လို့ ပဉ္စမတန်း ကျောင်းသူ မသွယ်ဇင်ငြိမ်း (၁၂ နှစ်) လည်း သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)