အုန္းေတာေခ် ကယ္ဆယ္ေရးစခန္းမွာ မီးေလာင္မႈ ၆ ဦး ေသဆံုး

0
983

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္၊ အုန္းေတာေခ် ကယ္ဆယ္ေရးစခန္းမွာ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ေျခာက္ဦး ေသဆံုးကာ လူ ၈၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ပါတယ္။

ေအာက္တိုဘာ ၁၈ ရက္ေန႔က အဲဒီစခန္းေန ဦးေနာင္ဇူမွ် (၃၀ ႏွစ္)ရဲ႕ အခန္းအတြင္းရွိ မီးဖို မီးၾကြင္းမီးက်န္ကတစ္ဆင့္ မီးေလာင္ကြ်မ္းခဲ့တာ ျဖစ္ၿပီး တစ္ေဆာင္လွ်င္ အခန္း ၈ ခန္းပါ အေဆာင္ ၁၅ ေဆာင္ မီးေလာင္ပ်က္စီးခဲ့ပါတယ္။

အုန္းေတာေခ် ကယ္ဆယ္ေရးစခန္းမွာ အိမ္ေထာင္စု ၁၄၁ စုနဲ႔ လူဦးေရ ၈၂၂ ဦး ေနထိုင္ေနပါတယ္။ အစိုးရသတင္းထုတ္ျပန္ခ်က္မွာေတာ့ ေသဆံုးသူ အမ်ိဳးသမီး ႏွစ္ဦးနဲ႔ ကေလးတစ္ဦးလို႔ ေဖာ္ျပထားၿပီး ပုဂၢလိက မီဒီယာေတြကေတာ့ ေသဆံုးသူ ေျခာက္ဦးရွိတယ္လို႔ ေဖာ္ျပၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အုန်းတောချေ ကယ်ဆယ်ရေးစခန်းမှာ မီးလောင်မှု ၆ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောချေ ကယ်ဆယ်ရေးစခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ဦး သေဆုံးကာ လူ ၈၀ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က အဲဒီစခန်းနေ ဦးနောင်ဇူမျှ (၃၀ နှစ်) ရဲ့ အခန်းအတွင်းရှိ မီးဖို မီးကြွင်းမီးကျန်ကတစ်ဆင့် မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး တစ်ဆောင်လျှင် အခန်း ၈ ခန်းပါ အဆောင် ၁၅ ဆောင် မီးလောင်ပျက်စီးခဲ့ပါတယ်။

အုန်းတောချေ ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၁၄၁ စုနဲ့ လူဦးရေ ၈၂၂ ဦး နေထိုင်နေပါတယ်။ အစိုးရသတင်းထုတ်ပြန်ချက်မှာတော့ သေဆုံးသူ အမျိုးသမီး နှစ်ဦးနဲ့ ကလေးတစ်ဦးလို့ ဖော်ပြထားပြီး ပုဂ္ဂလိက မီဒီယာတွေကတော့ သေဆုံးသူ ခြောက်ဦးရှိတယ်လို့ ဖော်ပြကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)