ကမာၻ႔ေစ်းကြက္ ျမန္မာ့ ငါးတန္ ေမြးျမဴထုတ္လုပ္နုိင္ဖို႔ ႀကိဳးပမ္းေန

0
820

ျမန္မာ့ငါးတန္ကုိ ႏုိင္ငံတကာ ေစ်းကြက္ဝင္ ငါးတန္အျဖစ္ ေမြးျမဴထုတ္လုပ္နုိင္ဖုိ႔အတြက္ ျမန္မာႏုိင္ငံငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္၊ ျမန္မာနုိင္ငံ ငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္း၊ တ႐ုတ္နုိ္င္ငံက Nutriera ကုမၸဏီ၊ ထူးသစ္ အစာေထာင့္စက္႐ုံနဲ႔ ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ ငါး၊ ပုစြန္ေမြးျမဴေရး ေတာင္သူေတြ ပူးေပါင္းၿပီး ေအာက္တုိဘာ ၁၉ ရက္ေန႔က ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္႐ုံးမွာ ေဆြးေႏြးပြဲျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ျပည္တြင္းကေန ေမြးျမဴထုတ္လုပ္တင္ပို႔ေနတဲ့ ငါးျမစ္ခ်င္းေစ်းကြက္မွာ တစ္ဆင့္ၿပီးတစ္ဆင့္ က်ဆင္းလာခဲ့ၿပီး အခု ကမာၻ႔နုိင္ငံေတြမွာ လက္ခံစားသုံးေနၾကတဲ့ ငါးတန္ကုိ ျမန္မာႏုိင္ငံမွာ ေမြးျမဴထုတ္လုပ္နုိင္ဖို႔ ျပည္ပပု႔ိကုန္ ဦးေမာ့ေစလာေစဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ငါးတန္ေမြးျမဴျခင္းနည္းပညာကုိ ေတာင္သူထံ တင္ျပေဆြးေႏြးခဲ့တာလည္း ျဖစ္ပါတယ္။

အရင္ကကမာၻ႔နုိင္ငံေတြမွာ ေစ်းကြက္၀င္ တီလားပီးလားနဲ႔ ငါးတန္ကုိ အခ်ဳိးညီစြာ စားသုံးခဲ့ရာကေန ၂၀၁၇ ခုႏွစ္ ကစတင္ၿပီး ငါးတန္ကုိပုိၿပီးစားသုံးလာၾကတာျဖစ္တာေၾကာင့္ ငါးတန္ေစ်းကြက္ဟာပုိၿပီးႀကီးမား လာတာျဖစ္ပါ တယ္။ အဲဒါေၾကာင့္ ေမြးျမဴေရးလုပ္ငန္းေတြမွာ တရွိန္ထုိး ျမင့္တက္လာတဲ့ ဗီယက္နမ္ႏုိင္ငံနည္းတူ ႏုိင္ငံျခား ၀င္ေငြရရွိႏုိင္ဖို႔ ျပည္တြင္း ငါးတန္ထုတ္လုပ္မႈကုိ တုိးျမွင့္လုပ္ေဆာင္သြားမွာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့ဈေးကွက် မြန်မာ့ ငါးတန်မွေးမြူထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေ

မြန်မာ့ငါးတန်ကို နိုင်ငံတကာ ဈေးကွက်ဝင်ငါးတန် အဖြစ်မွေးမြူထုတ်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း၊ တရုတ်နိ်ုင်ငံက Nutriera ကုမ္ပဏီ၊ ထူးသစ် အစာထောင့်စက်ရုံနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေး တောင်သူတွေ ပူးပေါင်းပြီး အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ဆွေးနွေးပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းကနေ မွေးမြူထုတ်လုပ်တင်ပို့နေတဲ့ ငါးမြစ်ချင်းဈေးကွက်မှာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းလာခဲ့ပြီး အခု ကမ္ဘာ့နိုင်ငံတွေမှာ လက်ခံစားသုံးနေကြတဲ့ ငါးတန်ကို မြန်မာနိုင်ငံမှာ မွေးမြူထုတ်လုပ်နိုင်ဖို့ ပြည်ပ ပို့ကုန် ဦးမော့စေလာစေဖို့ ရည်ရွယ်ချက်နဲ့ ငါးတန်မွေးမြူခြင်းနည်းပညာကို တောင်သူထံ တင်ပြဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အရင်ကကမ္ဘာ့နိုင်ငံတွေမှာ ဈေးကွက်ဝင် တီလားပီးလားနဲ့ ငါးတန်ကို အချိုးညီစွာ စားသုံးခဲ့ရာကနေ ၂၀၁၇ ခုနှစ် ကစတင်ပြီး ငါးတန်ကိုပိုပြီးစားသုံးလာကြတာဖြစ်တာကြောင့် ငါးတန်ဈေးကွက်ဟာပိုပြီးကြီးမား လာတာဖြစ်ပါ တယ်။ အဲဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာ တရှိန်ထိုး မြင့်တက်လာတဲ့ ဗီယက်နမ်နိုင်ငံနည်းတူ နိုင်ငံခြား ဝင်ငွေရရှိနိုင်ဖို့ ပြည်တွင်း ငါးတန်ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)