အလုပ္ျဖဳတ္ခံရတဲ့ ျမန္မာအလုပ္သမားေတြကို ေလ်ာ္ေၾကး ဘတ္ ၃ သန္း ေပးဖို႔ အလုပ္႐ွင္ကုုိ ဆဝါတီကန္ အမိန္႔ခ်

0
1239

ထိုင္းႏိုင္ငံ၊ ပကြ်က္ခ႐ိုင္၊ ဒိုလီ နာနတ္သီးစက္႐ံုက အလုပ္သမား ၇၉ ဦး အလုပ္ျဖဳတ္ခံရတဲ့အတြက္ အမႈဖြင့္ တုိင္ၾကားခဲ့တာေၾကာင့္ ထုိင္းအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာန (ဆဝါတီကန္)က ျမန္မာလုပ္သားေတြကုိ ေလ်ာ္ေၾကး ဘတ္ေငြ ၃ သန္းေပးဖုိ႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။

ထိုင္းႏိုင္ငံ အလုပ္သမား ဝန္ႀကီးဌာန၊ အလုပ္သမား ကာကြယ္ေစာင့္ေ႐ွာက္ေရးဌာန၊ ပကြ်က္ခ႐ိုင္ (ဆဝါတီကန္)က အလုပ္သမား အကာအကြယ္ေပးေရး အက္ဥပေဒမွာ ျပ႒ာန္းထားတဲ့ လုပ္ပိုင္ခြင့္အာဏာကို အသံုးျပဳၿပီး (အလုပ္႐ွင္က ႀကိဳတင္အသိေပးျခင္း မရိွဘဲ အလုပ္ထုတ္ပစ္ျခင္း) ပုဒ္မ ၁၁၈ အရ အလုပ္႐ွင္က အလုပ္သမား ေတြကုိ ေလ်ာ္ေၾကးေပးဖုိ႔ အခုလုိ အမိန္႔ခ်ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က ဒီစက္႐ံုမွာလုပ္တာ ၁၀ ႏွစ္ရိွပါၿပီ။ မႏွစ္ကမွ MoU လူေဟာင္းအေနနဲ႔ ျပန္ဝင္လုပ္တာပါ၊ ႏွစ္တိုင္း ဒီအခ်ိန္ဆို ရက္ ၄၀ နားရတဲ့အခါ အိမ္ျပန္ေနၾကပါ၊ ျပႆနာ မရိွပါဘူး၊ ဒီႏွစ္ေတာ့ ရက္ ၄၀ နားရတာကို အလုပ္ထုတ္ၿပီး ျပန္ခိုင္းလို႔ ျပႆနာ စျဖစ္တာပါ၊ အခုလို MoU ေတြ ျဖစ္ကုန္ေတာ့ ေအဂ်င္စီေတြေရာ၊ သံ႐ံုးကပါ ဝင္ကူညီၾကတယ္၊ ပိုအားရိွတာေပါ့” လို႔ အလုပ္ထုတ္ခံရတဲ့ အလုပ္သမား တစ္ဦးက ေျပာပါတယ္။

ဒိုလီ ထိုင္းလန္ စက္႐ံုမွာ အလုပ္သမား ၄၅၈၅ ဦး အလုပ္လုပ္ကိုင္ေနၿပီး ထိုင္း ၃၁၆၅ ဦး၊ ျမန္မာ CI အလုပ္သမား အမ်ားစုနဲ႔ MoU လုပ္သား ၁၄၁၄ ဦး၊ ကေမာၻဒီးယား ၅ ဦးတို႔ လုပ္ကိုင္ေနၾကပါတယ္။ ျမန္မာလုပ္သား ေခၚယူခြင့္ကို အလုပ္သမား သံအရာရိွက ၿပီးခဲ့တဲ့ သီတင္းပတ္က ရပ္စဲခဲ့ၿပီးျဖစ္ေၾကာင္း ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ား အဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို လျော်ကြေး ဘတ် ၃ သန်း ပေးဖို့ အလုပ်ရှင်ကို ဆဝါတီကန် အမိန့်ချ

ထိုင်းနိုင်ငံ၊ ပကျွက်ခရိုင်၊ ဒိုလီ နာနတ်သီးစက်ရုံက အလုပ်သမား ၇၉ ဦး အလုပ်ဖြုတ်ခံရတဲ့အတွက် အမှုဖွင့် တိုင်ကြားခဲ့တာကြောင့် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါတီကန်)က မြန်မာလုပ်သားတွေကို လျော်ကြေး ဘတ်ငွေ ၃ သန်းပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန၊ ပကျွက်ခရိုင် (ဆဝါတီကန်)က အလုပ်သမား အကာအကွယ်ပေးရေး အက်ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး (အလုပ်ရှင်က ကြိုတင်အသိပေးခြင်း မရှိဘဲ အလုပ်ထုတ်ပစ်ခြင်း) ပုဒ်မ ၁၁၈ အရ အလုပ်ရှင်က အလုပ်သမား တွေကို လျော်ကြေးပေးဖို့ အခုလို အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က ဒီစက်ရုံမှာလုပ်တာ ၁၀ နှစ်ရှိပါပြီ။ မနှစ်ကမှ MoU လူဟောင်းအနေနဲ့ ပြန်ဝင်လုပ်တာပါ၊ နှစ်တိုင်း ဒီအချိန်ဆို ရက် ၄၀ နားရတဲ့အခါ အိမ်ပြန်နေကြပါ၊ ပြဿနာ မရှိပါဘူး၊ ဒီနှစ်တော့ ရက် ၄၀ နားရတာကို အလုပ်ထုတ်ပြီး ပြန်ခိုင်းလို့ ပြဿနာ စဖြစ်တာပါ၊ အခုလို MoU တွေ ဖြစ်ကုန်တော့ အေဂျင်စီတွေရော၊ သံရုံးကပါ ဝင်ကူညီကြတယ်၊ ပိုအားရှိတာပေါ့” လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

ဒိုလီ ထိုင်းလန် စက်ရုံမှာ အလုပ်သမား ၄၅၈၅ ဦး အလုပ်လုပ်ကိုင်နေပြီး ထိုင်း ၃၁၆၅ ဦး၊ မြန်မာ CI အလုပ်သမား အများစုနဲ့ MoU လုပ်သား ၁၄၁၄ ဦး၊ ကမ္ဘောဒီးယား ၅ ဦးတို့ လုပ်ကိုင်နေကြပါတယ်။ မြန်မာလုပ်သား ခေါ်ယူခွင့်ကို အလုပ်သမား သံအရာရှိက ပြီးခဲ့တဲ့ သီတင်းပတ်က ရပ်စဲခဲ့ပြီးဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)