ျမန္မာဆီကေန မူးယစ္ေဆး တင္သြင္းေနမႈ ထိန္းခ်ဳပ္ဖို႔ ၾသစေၾတးလ် ႀကိဳးစားေန

0
605

တ႐ုတ္ႏိုင္ငံကေန မူးယစ္ေဆး တင္သြင္းမႈေတြကို ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ ၾသစေၾတးလ် ရဲေတြဟာ ျမန္မာ၊ ကေမာၻဒီယားနဲ႔ ထိုင္းႏိုင္ငံက အဆင့္ျမင့္ မက္သာဖက္တမင္း မူးယစ္ေဆး တင္သြင္းမႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ဆက္လက္ ႀကိဳးပမ္းေနပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာ ဆီးနိတ္ေကာ္မတီက ၾသစေၾတးလ် ဖက္ဒရယ္ ရဲတပ္ဖြဲ႔ကို ဆင့္ေခၚၿပီး မူးယစ္ေဆးဝါး ႏွိမ္နင္းေနမႈ ေနာက္ဆံုး အေျခအေနေတြကို ၾကားနာပါတယ္။ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကို တ႐ုတ္ရဲတပ္ဖြဲ႔နဲ႔ ပူးေပါင္းလုပ္ေဆာင္ၿပီးေနာက္ အလြန္ေအာင္ျမင္ခဲ့ေၾကာင္း၊ ဒါေပယ့္ ျမန္မာႏိုင္ငံ အပါအဝင္ တျခားႏိုင္ငံကေန မူးယစ္ေဆးေတြ ဆက္ဝင္ေနဆဲျဖစ္ေၾကာင္း ရဲအရာရွိေတြက ေျပာပါတယ္။

တ႐ုတ္ကေန မူးယစ္ေဆး မဝင္ေတာ့ေပမယ့္ အဲဒီလိုအပ္ခ်က္ကို ျမန္မာႏိုင္ငံ ေျမာက္ပိုင္းကေန ျဖည့္ဆည္းေနတယ္လို႔ ဖက္ဒရယ္ ရဲတပ္ဖြဲ႔ ဒုတိယရဲမင္းႀကီး နီးလ္ ေဂၚဟန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာဆီကနေ မူးယစ်ဆေး တင်သွင်းနေမှု ထိန်းချုပ်ဖို့ သြစတြေးလျ ကြိုးစားနေ

တရုတ်နိုင်ငံကနေ မူးယစ်ဆေး တင်သွင်းမှုတွေကို ထိန်းချုပ်နိုင်ပြီးနောက် သြစတြေးလျ ရဲတွေဟာ မြန်မာ၊ ကမ္ဘောဒီယားနဲ့ ထိုင်းနိုင်ငံက အဆင့်မြင့် မက်သာဖက်တမင်း မူးယစ်ဆေး တင်သွင်းမှုတွေကို ထိန်းချုပ်နိုင်ဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဆီးနိတ်ကော်မတီက သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ကို ဆင့်ခေါ်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းနေမှု နောက်ဆုံး အခြေအနေတွေကို ကြားနာပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ပြီးနောက် အလွန်အောင်မြင်ခဲ့ကြောင်း၊ ဒါပေယ့် မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံကနေ မူးယစ်ဆေးတွေ ဆက်ဝင်နေဆဲဖြစ်ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

တရုတ်ကနေ မူးယစ်ဆေး မဝင်တော့ပေမယ့် အဲဒီလိုအပ်ချက်ကို မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ဖြည့်ဆည်းနေတယ်လို့ ဖက်ဒရယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမင်းကြီး နီးလ် ဂေါ်ဟန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)