
0
832




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေဘေးသင့်သူတွေအတွက် တောင်ကိုရီးယားက ဆန် တန်ချိန် ၁၃၀ဝ လှူ

လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် မြန်မာနိုင်ငံက ရေဘေးသင့် ပြည်သူတွေအတွက် တောင်ကိုရီးယားနိုင်ငံက ဆန်တန်ချိန် ၁၃၀ဝ ကို ပေးပို့ကူညီမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် ဆိပ်ကမ်းကနေ မနက်ဖြန် အောက်တိုဘာလ ၂၃ ရက်နေ့မှာ သင်္ဘောနဲ့ ပို့ဆောင်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံ Plus Three အရေးပေါ် အရန်ဆန် ထားရှိရေး အစီအစဉ်အရ အခုလို ဆန်တွေ ပေးပို့ ကူညီတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ဇူလိုင်လကုန်ကစပြီး မုတ်သုန်မိုးကြောင့် ရေကြီးတဲ့အတွက် လူပေါင်း ၁ သိန်းကျော် နေအိမ်စွန့်ခွာခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)