အာသံ ႐ိုင္ဖယ္တပ္က ေလ့က်င့္ၿပီးသား ျမင္း ၁၅ ေကာင္ ျမန္မာတပ္မေတာ္ကို လႊဲေျပာင္းေပးအပ္

0
1002

ႏွစ္ႏိုင္ငံ တပ္မေတာ္ေတြ ဆက္ဆံေရး ပိုမိုအားေကာင္းဖို႔ အိႏၵိယ တပ္မေတာ္၊ အာသံ ႐ိုင္ဖယ္တပ္ဖြဲ႔က ေလ့က်င့္ၿပီးသား ျမင္း ၁၅ ေကာင္ကို ျမန္မာတပ္မေတာ္ဆီ လႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံ၊ မဏိပူရျပည္နယ္၊ မိုးေရး နယ္စပ္ၿမိဳ႕မွာ အခမ္းအနားနဲ႔ ေအာက္တိုဘာ ၁၈ ရက္ေန႔က လႊဲေျပာင္းေပးခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလက ဥတၱရခန္ျပည္နယ္၊ ဟမ္ပူရ္ၿမိဳ႕ရွိ ရီေမာင့္ ေလ့က်င့္ေရးေက်ာင္းမွာ ျမန္မာကိုယ္စားလွယ္ေတြ စိတ္ႀကိဳက္ေရြးခ်ယ္ခဲ့တဲ့ ျမင္းေတြကို မိုးေရးၿမိဳ႕ဆီ ပို႔ေဆာင္ၿပီး လႊဲအပ္ေပးခဲ့တာ ျဖစ္ပါတယ္။

အိႏၵိယတပ္မေတာ္ ႏိုင္ငံျခား ဆက္ဆံေရး ပူးေပါင္းေဆာင္ရြက္မႈ အစိတ္အပိုင္းတစ္ရပ္ အေနနဲ႔ ျမန္မာတပ္မေတာ္ကို ေလ့က်င့္ၿပီးသား ျမင္းေတြ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ ဟမ္ပူရ္ၿမိဳ႕ဟာ အိႏၵိယ စစ္တပ္အတြက္ ျမင္းေတြနဲ႔ ေခြးေတြကို ေမြးျမဴေလ့က်င့္ေပးတဲ့ အေတြ႔အႀကံဳ ႏွစ္ေပါင္း ၂၄၀ ရွိၿပီ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းကလည္း အိႏၵိယ စစ္တပ္က ျမန္မာတပ္မေတာ္ကို ျမင္း ၁၅ ေကာင္နဲ႔ အနံ႔ခံေခြး ၁၅ ေကာင္ လႊဲေျပာင္းေပးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာသံ ရိုင်ဖယ်တပ်က လေ့ကျင့်ပြီးသား မြင်း ၁၅ ကောင် မြန်မာတပ်မတော်ကို လွှဲပြောင်းပေးအပ်

နှစ်နိုင်ငံ တပ်မတော်တွေ ဆက်ဆံရေး ပိုမိုအားကောင်းဖို့ အိန္ဒိယ တပ်မတော်၊ အာသံ ရိုင်ဖယ်တပ်ဖွဲ့က လေ့ကျင့်ပြီးသား မြင်း ၁၅ ကောင်ကို မြန်မာတပ်မတော်ဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေး နယ်စပ်မြို့မှာ အခမ်းအနားနဲ့ အောက်တိုဘာ ၁၈ ရက်နေ့က လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ဥတ္တရခန်ပြည်နယ်၊ ဟမ်ပူရ်မြို့ရှိ ရီမောင့် လေ့ကျင့်ရေးကျောင်းမှာ မြန်မာကိုယ်စားလှယ်တွေ စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ မြင်းတွေကို မိုးရေးမြို့ဆီ ပို့ဆောင်ပြီး လွှဲအပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယတပ်မတော် နိုင်ငံခြား ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းတစ်ရပ် အနေနဲ့ မြန်မာတပ်မတော်ကို လေ့ကျင့်ပြီးသား မြင်းတွေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဟမ်ပူရ်မြို့ဟာ အိန္ဒိယ စစ်တပ်အတွက် မြင်းတွေနဲ့ ခွေးတွေကို မွေးမြူလေ့ကျင့်ပေးတဲ့ အတွေ့အကြုံ နှစ်ပေါင်း ၂၄၀ ရှိပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း အိန္ဒိယ စစ်တပ်က မြန်မာတပ်မတော်ကို မြင်း ၁၅ ကောင်နဲ့ အနံ့ခံခွေး ၁၅ ကောင် လွှဲပြောင်းပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)