
0
1103




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ဒုက္ခသည်တွေဟာ မလေးရှားအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေ

ဘင်္ဂါလီ မွတ်စလင်တွေအရေးဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာသာမကဘဲ မလေးရှားနိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဘင်္ဂါလီ မွတ်စလင် ၁ သိန်းကျော် ရှိနေပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာလည်း မှတ်ပုံတင်ထားခြင်း မရှိဘူးလို့ မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူက ပြောပါတယ်။

ဒီဒုက္ခသည် အများကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို မလေးရှား အနေနဲ့ ထမ်းဖို့ မတတ်နိုင်ဘူးလို့ သူက ပြောပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးအတွင်း မလေးရှား ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံစဉ်ကလည်း ဘင်္ဂါလီ မွတ်စလင်တွေကို ပြန်လက်ခံဖို့ ပြောကြားခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)